Skip to main content

Posts

Showing posts from September, 2017

ပုဂံနှစ်

ရောက်ပြန်ပါပြီ ပုဂံကို။ ဘယ်နခေါက်မှန်းတောင်မသိဘူး။ ခဏခဏ ရောက်တယ်။ ဒီတခေါက်တော့ တနေကုန် မိုးရွာနေတာနဲ့ ဘယ်မှမသွားလိုက်ရဘူး။ ဓါတ်ပုံလည်း ကောင်းကောင်းမရိုက်ရဘူး ။မရိုက်ရဘူးဆိုတာတောင် မင်းနန်သူရွာဘက်က ဘုရားသုံးဆူကို ရောက်သေးသဗျ။ အဲ့ဘုရားသုံးဆူမှာ နံရံဆေးရေးပန်းချီတွေ အများကြီးကျန်သေးတာပဲဗျ။ နောက်တခေါက်မှ သေချာသွားရိုက်ဦးမယ်။မြင်းကပါရွာ မြစေတီကျောက်စာဘုရားဘေးက ဂူပျောက်ကြီး မှာရော နံရံဆေးရေးပန်းချီတွေ ဝင်ကြည့်ခဲ့သေးတယ်။ တော်တော်လှတာပါဗျာ။ မိုးတွင်းဆိုတော့ တည်းခိုခန်းတွေ ဈေးချထားသဗျ။ တယောက်ခန်းမှ ၂ သောင်းပဲရှိတယ်။ ပုံမှန်ထပ် ၁ သောင်း ၁ သောင်းခွဲလောက်ကို ဈေးချထားတာ။ ဒီတခေါက် ဝက်ကြီးအင်းက ထိုင်းဆိုင်လေးမှာ စားဖြစ်တယ်။ ဈေးက ဟင်းတပွဲ ပျမ်းမျှ ၅ထောင် လောက်ပဲ ဆိုတော့ ဈေးသင့်တယ်။ လူ ၃ ယောက် ဟင်းသုံးပွဲ မှာစားရင် ၁သောင်းခွဲလောက်ကျမယ်။ Chief ကလည်း ထိုင်းChief။ ထိုင်းစာ ဆိုပေမယ့် အစပ်က အစပ်မစားတဲ့ ကျွန်တော် အသာလေးစားနိုင်တယ် ဆိုတော့ သိပ်မစပ်ဘူးပေါ့ဗျာ။ ဒီတခေါက်  ပြသာဒ်ကြီးဘုရားကို  ရောက်တော့တာပဲ။ တော်တော်ကြီး ပြင်ဆင်ခဲ့ရတဲ့ ဘုရားပါ။မပြိုအောင် တော်တော်ထိန်းသိမ်းခဲ့ရပါတယ်။

Yi နဲ့ ကိုဝေ

Xiaomi ရဲ့ Yi Action Cam လေး ဝယ်ထားတာ ၂ နှစ်လောက်ရှိပြီ။ကိုယ်က အားကစားသမားမဟုတ်တော့ action အတွက်မသုံးပဲ Time lapse နဲ့ Wide view ရိုက်ဖို့အတွက်ပဲ သုံးမိနေတယ်။ Time lapse ရိုက်ဖို့အလွယ် function ပါတော့ တန်းရိုက်လို့ရတယ်။ Yi 4K တော့ လိုချင်ပေမယ့် ပိုက်ဆံမရှိလို့မဝယ်နိူင်သေးဘူး။ Yi ကတော့ ပေးရတာနဲ့ ရတာတန်တဲ့ action cam ပါ။ 100$ နဲ့ ဒီလောက်ရိုက်လို့ရတာ တော်တော်လေး အဆင်ပြေပါတယ်။ စကားမစပ် ပုဂံမှာ နေဝင်တာကိုကြည့်တာ လောကနန္ဒာ ဘုရားကနေပဲ ကြည့်ဖြစ်တယ်။ တုရင်တောင် ထဲကို နေဝင်သွားတာရယ် ၊ ဧရာဝတီမြစ်ကြီးပေါ်ကို နေရောင်ဖြာကျတာရယ်၊ အဲ့ဒီကကြည့်တိုင်း တိမ်တွေရဲ့ Cloud Zoo ကိုကြည့်ရတဲ့ အရသာရယ်ကြောင့် လောကနန္ဒာကနေပဲ ကြည့်ဖြစ်တာများတယ်။ ဆောင်းတွင်းကြည့်မယ်ဆိုရင်တော့  ဘူးဘုရားနားမှာ စက်လှေတွေကို ၁၅၀၀၀ လောက်နဲ့ ငှားပြီး ဧရာဝတီမြစ်ထဲကနေ ကြည့်ရတဲ့ အရသာလည်း တစ်မျိုးပေါ့။ နေမဝင်ခင်ကတည်းက စက်လှေထွက်ပေးပြီး နေဝင်ပြီးမှ စက်လှေက ကမ်းကိုပြန်ကပ်တာပါ။ လူ၅ ယောက်လောက်ဆို တန်တယ်လို့ပြောလို့ရတယ်။

ကျွန်တော်နဲ့ ပုဂံ

ဒီနှစ် 2017က ပုဂံ နှစ်လို့  ပြောလို့ရတယ်။ June လပဲရှိသေးတယ်။ ဒါနဲ့ဆို ဒီနှစ်ထဲ ပုဂံရောက်တာ ၆ ခါရှိပြီ။ တစ်ခေါက်ရောက်တိုင်း အသစ်တွေတွေ့တယ် ( လည်စရာ  ပတ်စရာ နေရာအသစ်ကိုပြောတာနော် ) အရင်တစ်ခေါက်က မင်းနန်သူရွာဘက် ရောက်တယ်။ ဒီတစ်ခေါက် တော့ အချိန်ပေးပြီး 360° ရိုက်ဦးမှ ဆိုပြီး ဓမ္မရံကြီးကို သေသေချာချာ နေ့တစ်ပိုင်း အချိန်ပေးပြီးတော့ ဓါတ်ပုံရိုက်ဖြစ်တယ်။ အမှတ်တရကတော့ ရိုက်နေရင်း လေတွေ တအားတိုက်လာပြီး tripod ပေါ်ကနေ ကင်မရာပြုတ်ကျတာပဲ။ ကင်မရာ  lens တစ်ခု ကျွက်ပြီး အပြင်ထွက်လာတော့တာပဲ။ မနည်း အထဲရောက်အောင်ပြန်ထည့်ပြီး ဆက်ရိုက်လိုက်ရတယ်။ နောက်ထပ်အမှတ်တရကတော့ အဲ့ဒီတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ Bagan Photo Festival ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်လိုက်တာ ဆုရသွားတာပဲ။ :D

EF M 55-200 Lens ဝယ်လာတဲ့ ကိုဝေ

Tele Lens ဝယ်ဖို့စဉ်းစားနေတာ ကြာပြီ။EF S ပဲယူရမလား EF M ပဲယူရမလား တွေဝေနေတာ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး သေးသေးလေးတွေမှကြိုက်တတ်တဲ့ ကိုယ့်ထုံးစံအတိုင်း EF Mပဲယူဖြစ်သွားတယ်။ Zoom lens နဲ့ portrait ရိုက်ရတာလည်း အရသာတစ်မျိုးပဲဆိုတာ Zoom lens နဲ့ စရိုက်ဖူးမှသိတယ်။ EF M 55-200မှာ IS ရော STM ရောပါတာမို့ တော်တော် အဆင်ပြေပါတယ်။ EF S ထက်တော့ 50$ လောက် ပိုပေးရပေမယ့် ပေးရတဲ့ဈေးနဲ့ ရတဲ့ quality နဲ့ တော်တော်တန်တယ်လို့ ပြောလို့ရတယ်။EF S နဲ့ဆိုရင် lens mount adapter နဲ့တပ်ပြီးရိုက်ရတော့ body သေးသေးလေးကို Lens အကြီးကြီးတပ်ရိုက်ထားတော့ မလှမပကြီးဖြစ်နေတယ်။EF M လေးနဲ့ကျတော့ Zoom lens သာဖြစ်တာ အရှည်က လက်တစ်ထွာတောင်မပြည့်ဘူး။Body သေးသေး lens သေးသေးနဲ့ ဘယ်လိုချစ်စရာကောင်းမှန်းကိုမသိတာ။ဟဲဟဲ။ ရှေ့လျှောက် street ရိုက်ဖို့ အဆင်ပြေသွားတာပေါ့။ တကယ် Lens ဝယ်ဖို့စဉ်းစားတဲ့အခါ STM ရော ISရောပါတာဝယ်သင့်တယ်လို့ ထင်တယ်။ STM မပါရင် Mirrorless မှာ autofocus တော်တော်ကြာတယ်။ အစကတော့ STM မလိုပါဘူးကွာ။ Manual ပဲ focus ဖြတ်မယ်ဆိုပြီး ဈေးချိုတာပဲဝယ်မယ်ကွာဆိုပြီး စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် တကယ်ရိုက်တ