Skip to main content

EF M 55-200 Lens ဝယ်လာတဲ့ ကိုဝေ

Tele Lens ဝယ်ဖို့စဉ်းစားနေတာ ကြာပြီ။EF S ပဲယူရမလား EF M ပဲယူရမလား တွေဝေနေတာ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး သေးသေးလေးတွေမှကြိုက်တတ်တဲ့ ကိုယ့်ထုံးစံအတိုင်း EF Mပဲယူဖြစ်သွားတယ်။ Zoom lens နဲ့ portrait ရိုက်ရတာလည်း အရသာတစ်မျိုးပဲဆိုတာ Zoom lens နဲ့ စရိုက်ဖူးမှသိတယ်။ EF M 55-200မှာ IS ရော STM ရောပါတာမို့ တော်တော် အဆင်ပြေပါတယ်။ EF S ထက်တော့ 50$ လောက် ပိုပေးရပေမယ့် ပေးရတဲ့ဈေးနဲ့ ရတဲ့ quality နဲ့ တော်တော်တန်တယ်လို့ ပြောလို့ရတယ်။EF S နဲ့ဆိုရင် lens mount adapter နဲ့တပ်ပြီးရိုက်ရတော့ body သေးသေးလေးကို Lens အကြီးကြီးတပ်ရိုက်ထားတော့ မလှမပကြီးဖြစ်နေတယ်။EF M လေးနဲ့ကျတော့ Zoom lens သာဖြစ်တာ အရှည်က လက်တစ်ထွာတောင်မပြည့်ဘူး။Body သေးသေး lens သေးသေးနဲ့ ဘယ်လိုချစ်စရာကောင်းမှန်းကိုမသိတာ။ဟဲဟဲ။ ရှေ့လျှောက် street ရိုက်ဖို့ အဆင်ပြေသွားတာပေါ့။



တကယ် Lens ဝယ်ဖို့စဉ်းစားတဲ့အခါ STM ရော ISရောပါတာဝယ်သင့်တယ်လို့ ထင်တယ်။ STM မပါရင် Mirrorless မှာ autofocus တော်တော်ကြာတယ်။ အစကတော့ STM မလိုပါဘူးကွာ။ Manual ပဲ focus ဖြတ်မယ်ဆိုပြီး ဈေးချိုတာပဲဝယ်မယ်ကွာဆိုပြီး စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် တကယ်ရိုက်တဲ့အခါ STM က မပါမဖြစ် လိုအပ်တယ်ဆိုတာသိလိုက်ရတယ်။

Comments

Popular posts from this blog

အင်းဝသို့

မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက်  ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို  ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။

Media Server set up

အိမ်မှာ ရုပ်ရှင်ကြည့်တယ်ပေါ့။ ပြဿနာက ဒီလို။ အိမ်ရှေ့ခန်းထဲမှာက  Mi TV 4S နဲ့ ကြည့်တယ်။ အိပ်ရာထဲရောက်သွားရင် Tablet or phone or laptop နဲ့ ကြည့်တယ်။ အိမ်ရှေ့က ဆိုင်ထဲမှာဆို ဆိုင်ထဲမှာထားတဲ့ desktop PC နဲ့ကြည့်တယ်။ ဒီနေရာမှာ Netflix ဝယ်ကြည့်လေလို့ ပြောရင်လည်းခံရမှာပဲ။ Netflix လည်း ဝယ်ကြည့်ပါတယ်။ ဝယ်သာဝယ်ထားတာ သိပ်လည်း မကြည့်ဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတိုင်းက Netflix မှာ မရှိဘူး။ ပြီးတော့ လစဉ်ကြေးကလည်း ထည့်တွက်ရဦးမယ်။ အဲ့ဒါနဲ့ Media server လုပ်ဖြစ်သွားတာပဲ။ Media server ဆိုတာကတော့ ရုပ်ရှင်တွေ media တွေကို အိမ်မှာရှိတဲ့ HDD တစ်လုံးထဲကိုထည့်ထားပြီးအဲ့ထဲက ရုပ်ရှင်တွေကို အိမ်မှာရှိတဲ့ TV, Tablet, Phone နဲ့ Computer တွေကနေ ဝင်ကြည့်လို့ရသွားတာကို ပြောချင်တာပါ။ အဲ့ဒါနဲ့ ဘာ softwareသုံးရမလဲ လိုက်ရှာရင်း Flex ကို တွေ့တယ်။ ဒါပေမယ့် free version မှာ streaming က တစ်မိနစ်ပဲရတယ်။ Kodi ကျတော့ standalone ပဲ သုံးလို့ အဆင်ပြေတယ်။ ဘယ်လိုလုပ်ရမလဲ မသိလို့လားတော့ မသိဘူး။ အဲ့ဒါနဲ့ လိုက်ရှာရင်း EMBY ကို သွားတွေ့တယ်။ https://emby.media/ Emby က platform တော်တော်များများကို ...

ပုဂံ အကြောင်း ထွေရာလေးပါး

ပုဂံကို ခဏတိုင်းသွားပြီး ဓါတ်ပုံတွေရိုက်တယ်။ လျှောက်သွားတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုတော့ ပုဂံကို လာလည်တဲ့ မြန်မာလူမျိုးတွေ (တချို့) ပုဂံလာရကျိုး မနပ်သလိုပဲ။ တခါလာလည်း စွယ်တော်လေးဆူနဲ့ တခြား နာမည်ကြီး ဘုရားတွေပဲ ဘုရားရှိခိုးပြီးပြန်သွားကြတယ်။ သူတို့တော့ဘယ်လိုနေမယ်မသိဘူး။ ကိုယ်တော့ လာရကျိုးမနပ်ဘူးလို့ သူတို့အစား နှမျောမိတယ်။ တကယ်ဆို ပုဂံမှာ ကြည့်စရာတွေ အပြည့်ပါဗျာ ။ ကြည့်ရတာ မြန်မာတွေက ပုဂံကို ဘုရားရှိခိုးဖို့ပဲလာပြီး နိူင်ငံခြားသားတွေက ရှေးဟောင်းအမွေအနှစ်တွေကို ကြည့်ဖို့လာတာပဲ ဖြစ်ရမယ်။ ပုဂံမှာ နှစ်ပေါင်းထောင်ချီပြီး တည်မြဲနေတဲ့ ဗိသုကာလက်ရာတွေ ရှေးဟောင်း အနုပညာလက်ရာတွေ မှ အများကြီးပါ။ ကျွန်တော်ဆို ပုဂံသွားခါနီးတိုင်း  ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ တခါတုန်းကဆို ဆရာ ပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်ဖတ်ပြီး ပုဂံရောက်သွားတာ စာအုပ်ထဲက ဘုရားတွေကို လိုက်ရှာ ပြီး ရောက်အောင်သွားတော့တာပဲ။ ပုဂံဘုရားတွေမှာ ဘီလူးပန်းဆွဲတွေ တွေ့မိတာနဲ့ ရှာဖတ်မိတဲ့စာလေး တွေ့လို့ ပြန်မျှဝေလိုက်တာပါ။ ဘီလူးပန်းဆွဲ (သို့) ဘီလူးပန်းကိုက် ဗုဒ္ဓ နဲ့ဆိုင်တဲ့သာသနိကအဆောက်ဦးတွေမှာ ဟိန္ဒူ နဲ့ဆိုင်တဲ့ အန...