Skip to main content

Posts

Showing posts from March, 2018

360 ကျွန်တော်

၂၀၁၇ မှာ VR တွေ ခေတ်စားလာပါတယ်။ အဲ့တော့ ကျွန်‌ေတာ်လည်း VR ရောဂါ ဝင်တာပေါ့ :D ကျွန်တော် ရဲ့ဘလောဂ်မှာ 360° ပုံတွေကိုတွေ့ရပါလိမ့်မယ်။ ဒီပုံတွေကို 360° camera နဲ့ ရိုက်ရတာပါ။ ကျွန်တော် ခရီးထွက်တိုင်း ကျွန်‌ေတာ်မြင်သလို တခြားသူတွေကိုလည်း အဲ့ဒီပတ်ဝန်းကျင် ဒေသက အလှအပတွေကို ခံစားမိစေချင်တဲ့စိတ်လေး နဲ့ 360° ပုံတွေရိုက်လို့ရတဲ့ LG camera လေးကို ဝယ်ခဲ့မိတာပါ။ ကျွန်တော်ဝယ်တုန်းက 200$ ပေးရပါတယ်။ အဲ့တုန်းက အဲ့ဈေးနဲ့ အဲ့ကင်မရာက ဈေးအချိုဆုံးပါ။ အခု Xiaomi ကထုတ်တဲ့ 360° camera ကပိုပြီး quality ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် မဝယ်နိူင်တော့ပါဘူး :D ဒီ ကင်မရာလေးက Google Street View က အသိအမှတ်ပြုတဲ့ 360° camera တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီ ကင်မရာလေး နဲ့ ကျွန်တော် Google Trusted Photographer badge လည်းရခဲ့ပါပြီ။ LG 360 camera ကို Android နဲ့ရော iPhone တွေနဲ့ရော သူ့ရဲ့ App ကို အသုံးပြုပြီး ချိတ်ဆက် အသုံးပြုလို့ရပါတယ်။ Video ရိုက်တဲ့အခါမှာလည်း 5.1 စနစ်နဲ့ အသံဖမ်းလို့ရပါတယ်။( တစ်ချို့ဆို အသံဖမ်းဖို့ သီးသန့်သုံးသတဲ့)။ 1200mAh battery ဖြစ်လို့ battery ကတော့ အားသိပ်မခံဘူးလို့ပြောလို့ရပါတယ်။( ဖုန်းနဲ့ ချိတ်မထားပဲ