Skip to main content

Posts

Showing posts from December, 2018

CAF ဆိုတာ

 ကျွန်တော်တို့တွေ XDA မှာ Custom rom တွေ flash ဖို့ရှာတဲ့အခါမှာ [] Tag တွေထဲမှာ ရေးထားတဲ့ နာမည်တွေကို သတိထားမိမှာပါ။ [AOSP] တို့ [LOS] တို့ [CAF] တို့ စသည်ဖြစ်ပေါ့။ အဲ့ဒီအထဲကမှ CAF ဆိုတဲ့ ဟာလေးအကြောင်း ဒီနေ့ရေးမှာပါ။ CAF ရဲ့ အရှည်က Code Auroa Forum ပါ။ Google က Android version အသစ်ထုတ်လိုက်တဲ့အခါ source code ကို android.googlesource.com မှာ release လုပ်ပါတယ်။အဲ့ဒီ code တွေက Google ရဲ့ devices တွေပေါ်မှာ အလုပ်လုပ်ပါတယ်။ဥပမာ android-8.1.0_r14 ဆိုတာက Android version 8.1 ရဲ့ 14 ခုမြောက် stable version လို့ဆိုလိုတာဖြစ်ပါတယ်။ အဲ့ဒီ relese လုပ်တဲ့ code ကို AOSP (Android open source project ) လို့ ခေါ်ပါတယ်။ အဲ့ဒီ Google က ထုတ်တဲ့ source code ကို ကို LOS က ယူပြီး ကျန်တဲ့ devices တွေမှာ အလုပ်လုပ်အောင် ထပ်ပြီး ပြင်ဆင်ပါတယ်။ LOS ရဲ့ မွမ်းမံထားတဲ့ code ကို github.com/linageos/ မှာ ကြည့်လို့ ယူလို့ရပါတယ်။ LOS က community က လုပ်တာမို့ Test တွေဘာတွေ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း bug တွေကိုတော့ အမြန်ဆုံး fix လုပ်ပေးပါတယ်။ Chipset ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ Mediatek (MTK လို့ခေါ်

အနီရောင် နယ်မြေ

နိူင် ငံတကာမှာ red light district ( red district လို့လည်း ခေါ်ကြသေးတယ်) ဆိုတာ ရှိပါတယ်။တစ်လမ်းလုံး တစ်ရပ်ကွက်လုံး မီးအနီရောင်တွေနဲ့ လင်းနေတဲ့ နေရာပေါ့။ အဲ့ဒါက ဘယ်လိုနေရာလည်းဆိုတော့ prostitution တွေ ဇိမ်မယ်တွေနဲ့ အဖော်အချွတ် ကလပ်တွေ ရှိတဲ့ နေရာပေါ့။ ပါးစပ်ပုံပြင်တွေအရတော့ ဟိုးတုန်းက မီးရထား ဝန်ထမ်းတွေက ဇိမ်မယ်တွေရဲ့ အိမ် ကို သွားကြတဲ့အခါ မီးပုံး အနီလေးတွေ ယူသွားပြီး အိမ်ရှေ့မှာ ချိတ်ကြပါသတဲ့။ အရေးအကြောင်းဆို သူတို့ကို  အလုပ်သမားတွေက ရှာရလွယ်အောင်လို့ပါတဲ့။ နယ်သာလန်နဲ့ ဂျာမဏီ လို နိူင်ငံတွေမှာတော့ မှာတော့ တရားဝင်ကို နယ်မြေသက်မှတ်ပေးထားပါတယ်။တစ်ချို့နိူင်ငံတွေမှာတော့ တရားဝင် မဟုတ်ပါဘူး။ Hague မှာဆိုရင်တော့ Red district မှာ CCTV တွေ အပြည့်တပ်ထားပါတယ်တဲ့။ စင်ကာပူ မှာဆို Geylang နဲ့ Orchard Road ဆို နာမည်ကြီးပဲ။ ဟိဟိ။ ကြုံရင် သွားကြပါကုန် :P Japan မှာဆိုလည်း Soapland တွေက နာမည်ကြီးပဲ။ ဟိဟိ ဘာမှမဟုတ်ဘူး ခုလေးတင် ရုပ်ရှင်ရုံရှေ့က လမ်းလျှောက်ပြန်လာရင်း ဒီပုံကြီးတွေ့လို့ တော်ကီပွားမိတာ။ အေးလေ။ သူ့ပုံကြီးကလည်း အနုပညာမြောက်တယ်နော် : P

Back to work

အလုပ်မလုပ်တာ ၃ နှစ် ရှိသွားတယ်။ အခု လုပ်ငန်းခွင်ပြန်ဝင်တော့ ယောင်ချာချာနဲ့။ ဦးနှောက်ကလည်း အရင်လို အလုပ်မလုပ်တော့ဘူး။ အလုပ်နဲ့ပတ်သတ်တဲ့ဟာတွေလည်း မနည်း အစပြန်ဖော်နေရတယ်။ မသိ မတတ်ပါဘူး ဆိုမှ တရုတ်တွေနဲ့ အလုပ်တွဲလုပ်ရတော့ ယီး တွေဖြစ်ကုန်ရော။ တရုတ်တွေနဲ့ ခုမှ စပြီး တွဲလုပ်ဖူးတာပဲ။ လက် ကို ဆယ်ခါပြန်အောင် လန်တယ်။ အရင်က တွဲ အလုပ်လုပ်ဖူးခဲ့တဲ့ ဖိလစ်ပိုင်နဲ့ အိန္ဒိယတွေနဲ့စာရင် တခြားစီပဲ။ ရောက်ရောက်ချင်း ပိုက်လိုင်းတွေ မသိလို့ diagram ဖတ်တယ်။ စ တွေ့တာပဲ။ diagram ထဲက valve number တွေ က အပြင်မှာ မရှိဘူး။ ရှိတဲ့ဟာကလည်း ဖတ်မရအောင် ပျက်စီးနေတာများတယ်။ valve name plate တွေပါ ဆေးသုတ်ပစ်ထားတာတွေရော(မော်တာ name plate တွေရောပဲ)။ valve name plate တင် မကဘူး။ machinery name plate တွေပါ ဆေးသုတ်ပစ်ထားတာ။ ကောင်းရောကွာ။ နောက်ပြီး ပြသနာက communication မှာ ပြသနာ။ English လို ပြောတတ်တာ လက်တဖက်စာပဲ ရှိတယ်။ ဒါတောင် တဝက်က ကိုယ်နဲ့ပြောခါနီးရင် ကိုယ့်ကို အလုပ်ခိုင်းခါနီးရင် dictionary ပြေးလှန်နေရတာ အမော။ အဓိက machinery တွေတော့ English လို ပြောသင့်ပါတယ်။ ဒါပေမယ့် ပေါက်ဖော်တွေက Engine , pump, motor က အစ ရှိသမျှ အင်ဂျင်န

ဖုန်းဆိုင်က ပုံပြင်များ

ကိုယ့်လူတွေကို ဖုန်းဆိုင်မှာ တစ်ရက်လောက် နေစေချင်တယ်။ ဖုန်းဆိုင်မှာ ဆားဗစ်လုပ်ရတာ တရက်ပြီး တရက် ပြဿနာ တစ်ခုပြီး တစ်ခု မရိုးရဘူး။ တရက်တုန်းကပေါ့။ ကောင်လေးတစ်ယောက် ဖုန်းလာပြင်တယ်။ သူ့ဖုန်းက bill တွေ စားနေလို့တဲ့။ Bill ထည့်လိုက်တာနဲ့ ကုန်ရောတဲ့။ အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ဟုတ်နေတယ်။ ဘယ်လိုဟုတ်တာလဲဆိုတော့ ဖုန်းမှာ virus ဝင်နေတာပေါ့။ Virus app က အင်တာနက်တွေ auto ဖွင့်ပစ် download တွေ သူ့ဟာသူဆွဲ ကြော်ငြာတွေ လျှောက်ပြနဲ့ ဆိုတော့ bill ထည့်လိုက်တာနဲ့ကုန်တော့တာပေါ့။ ကိုယ်ကလည်း ပါးစပ်က အကျင့်ပါပြီးတော့ "ညီလေး ဘယ်လိုကနေစဖြစ်တာတုန်း" လို့ မေးလိုက်တော့ "မသိဘူး၊ မနေ့က မြေကြီးပေါ် ပြုတ်ကျပြီး အဲ့လိုဖြစ်သွားတာပဲ" တဲ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်။ " ဟာ သေချာပြီ ညီလေး၊ အဲ့ဒါ မြေဖုတ်ဘီလူးကိုင်တာ" လို့။ မြန်မာပြည်ကလူတွေက ဖုန်းသာကိုင်နေကြတာ ဖုန်းနဲ့ပတ်သက်တဲ့ knowledge ကြ တအားနည်းကြတာ။ တရက်ပေါ့။ အန်တီကြီး တစ်ယောက်ရောက်လာတယ်။ သူ့ဖုန်းက High end ဖုန်းဗျ။ Samsung S8 လားမသိဘူး။ သူ့ဖုန်းလေးနေလို့တဲ့။ ဘာမှလည်း လုပ်မရလို့ပါတဲ့။ အဲ့ဒါ ဖုန်း