ကိုယ့်လူတွေကို ဖုန်းဆိုင်မှာ တစ်ရက်လောက် နေစေချင်တယ်။
ဖုန်းဆိုင်မှာ ဆားဗစ်လုပ်ရတာ တရက်ပြီး တရက် ပြဿနာ တစ်ခုပြီး တစ်ခု မရိုးရဘူး။
တရက်တုန်းကပေါ့။ ကောင်လေးတစ်ယောက် ဖုန်းလာပြင်တယ်။
သူ့ဖုန်းက bill တွေ စားနေလို့တဲ့။ Bill ထည့်လိုက်တာနဲ့ ကုန်ရောတဲ့။
အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ဟုတ်နေတယ်။
ဘယ်လိုဟုတ်တာလဲဆိုတော့ ဖုန်းမှာ virus ဝင်နေတာပေါ့။ Virus app က
အင်တာနက်တွေ auto ဖွင့်ပစ် download တွေ သူ့ဟာသူဆွဲ ကြော်ငြာတွေ လျှောက်ပြနဲ့ ဆိုတော့
bill ထည့်လိုက်တာနဲ့ကုန်တော့တာပေါ့။ ကိုယ်ကလည်း ပါးစပ်က အကျင့်ပါပြီးတော့
"ညီလေး ဘယ်လိုကနေစဖြစ်တာတုန်း" လို့ မေးလိုက်တော့ "မသိဘူး၊ မနေ့က မြေကြီးပေါ် ပြုတ်ကျပြီး
အဲ့လိုဖြစ်သွားတာပဲ" တဲ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်။ " ဟာ သေချာပြီ ညီလေး၊ အဲ့ဒါ မြေဖုတ်ဘီလူးကိုင်တာ" လို့။
မြန်မာပြည်ကလူတွေက ဖုန်းသာကိုင်နေကြတာ ဖုန်းနဲ့ပတ်သက်တဲ့ knowledge ကြ တအားနည်းကြတာ။
တရက်ပေါ့။ အန်တီကြီး တစ်ယောက်ရောက်လာတယ်။ သူ့ဖုန်းက High end ဖုန်းဗျ။ Samsung S8 လားမသိဘူး။
သူ့ဖုန်းလေးနေလို့တဲ့။ ဘာမှလည်း လုပ်မရလို့ပါတဲ့။ အဲ့ဒါ ဖုန်းကို ယူကြည့်လိုက်တော့ internal storage ကလည်း
အများကြီးလွတ်သေးတယ်။ app တွေကလည်း ပုံမှန်သုံးသလောက်ပဲထည့်ထားတာပဲ။ သီချင်းတောင် ၁၀ ပုဒ်ပဲရှိတယ်။ movie
တောင် ထည့်မထားဘူး။ ဟုတ်တော့လည်း ဟုတ်တယ် ။ app တစ်ခုဖွင့်ဖို့ တော်တော်စောင့်ရတယ်။ အဲ့ဒါနဲ့ ဘယ်ကဖြစ်တာပါလိမ့်ဆိုပြီး
လိုက်ရှာတာ browser ထဲ ဝင်ကြည့်တော့မှ tab တွေဖွင့်ထားတာ ၁၀၀ ကျော်တယ်။ ပိတ်ရကောင်းမှန်းလည်းမသိ။ Facebook ကနေ
သတင်းဆိုဒ်တွေဝင်ဝင်ဖတ်ပြီး browser ထဲက tab တွေ တိုးတိုးလာတော့ ဖုန်းက လေးရော။ အဲ့ဒါနဲ့ နောက်ကို မဖြစ်အောင် သူ့ကိုသေချာရှင်းပြပြီး tab တွေ ပိတ်နည်းပါ
သင်ပေးလိုက်တယ်။ ပိုက်ဆံဘယ်လောက်ပေးရမလဲမေးတော့ မပေးပါနဲ့ အန်တီဆိုပြီး ပြောလိုက်တာ နောက်လည်း လာဦးမယ်နော်ဆိုပြီး တစ်ပါတ်တခါ
ဖုန်းဆိုင်ကိုလာပြီး browser က tab လာလာပိတ်ခိုင်းတော့တာပဲ။
ဒီတခါကြတော့ ကျွန်တော့် ဆရာသမားဗျ။ ကျွန်တော့်ကို Electrical ပညာသင်ပေးတဲ့ ဆရာပေါ့။ သူ့ဆီမှာသင်တန်းတက်နေတုန်းကပေါ့။
အဲ့နေ့က သူက iPad လေး အသစ်ဝယ်လာပြီး ကျွန်တော်တို့ကို လာကြွားနေတာ။ ကျွန်တော်ကလည်း ဘာမှဝင်မပြောပဲ ဒီအတိုင်း ထိုင်ကြည့်နေတာပေါ့။
အဲ့ဒါ ဘူးထဲက ဘောက်ချာလေးကို ကြည့်မိတော့ မျက်စိကျယ်သွားတယ်။(ကျွန်တော်က သင်တန်းမှာဆို အမြဲအိပ်ငိုက်နေကြ ) ပထမ ဘောက်ချာက iPad အတွက်
ဘောက်ချာ ဒုတိယ ဘောက်ချာကို ကြည့်လိုက်မိတော့ စိတ်ဝင်စားသွားတယ် ။ အဲ့ ဘောက်ချာမှာရေးထားတာက
log in = sayarkyaw@icloud.com
password = SayarKy@w12345
သင့်ငွေ ၁၅၀၀၀ ကျပ်
တဲ့။
မြတ်စွာဘုရား iCloud account တစ်ခုဖွင့်ပေးတာကို တစ်သောင်းခွဲတဲ့။ တစ်သောင်းခွဲ နဲ့ ဖွင့်ပေးတဲ့ ဖုန်းဆိုင်ကို ကျွန်တော် လုံးဝ ( လုံးဝ ) အပြစ်မပြောလိုပါဘူး။
ဒီလို ကိုယ်ပိုင် သုံးတဲ့ iCloud account ကို သူများကို ဖွင့်ခိုင်းတဲ့ ကိုယ့်ဆရာကို ဘယ်လိုနားလည်ပေးရမလဲ။ ( တကယ်က ကိုယ့်ဆရာ တစ်ယောက်တည်းမဟုတ်။ မြန်မာနိူင်ငံမှာ
သူ့လိုလူတွေ အများကြီးမှ အများကြီး ဆိုတာ နောက်တော့ တွေ့ခဲ့ရသည် ) နောက်ပြီး iCloud ဖွင့်ရင်ပေးရတဲ့ security question တွေလည်း ဘယ်သူမှမမှတ်မိ။ ဖွင့်ပေးတဲ့
သူလည်း မှတ်မိမည် မထင်။
အော် ဒုက္ခ ဒုက္ခ
ဒါတောင် ကိုယ့်ဆရာက ပညာတတ်၊ နိူင်ငံခြားမှာ နိူင်ငံခြားသားတွေနဲ့ အတူ အလုပ်တွဲလုပ်ခဲ့တဲ့ သူနော်။
မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက် ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။
Comments
Post a Comment