Skip to main content

Posts

Showing posts from October, 2019

ဖုန်းဆိုင်က ပုံပြင်များ

လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့။ ကျွန်တော့်သူငယ်ချင်းတယောက် Xiaomi Redmi Note 3 လေး ခါးပိုက်နှိုက်ခံလိုက်ရတယ်။ အဲ့တာနဲ့ find device နဲ့ရှာတယ်။ မတွေ့ဘူး။ မတွေ့တာနဲ့ lost mode ဖွင့်ထားလိုက်တယ်ပေါ့။ ပြန်လည်း မတွေ့တော့ပါဘူး။ အဲ့လိုနဲ့ မေ့မေ့ ပျောက်ပျောက်နေလိုက်တာ။ လွန်ခဲ့တဲ့ ၂ လ က ကျွန်တော့်ဆီကို ဖုန်း ဝင်လာပါလေရော။ ဖုန်းထဲမှာက မိန်းကလေး အသံနဲ့ "အကို အကို့ ဖုန်း ရဲ့ password လေးပေးပါတဲ့"။ ကျွန်တောင်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ အဲ့တာနဲ့ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးမှ "ညီမ ဖုန်းကို လေး လို့ဆိုပြီး factory reset ချလိုက်တာ ပြန်ပွင့်လာတော့ အကို့ဖုန်းနံပါတ်ကြီးပဲပေါ်နေတော့တာ ။ ဘာမှ လုပ်မရတော့လို့" ဆိုပြီး ပြောပါလေရော။ အဲ့ကျမှ သတိရတယ်။ ဟိုကောင် ဖုန်းပျောက်တုန်းက lost mode ဖွင့်တုန်းက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ကျွန်တော့်ဖုန်း ထည့်ထားမိတာကိုး။  အဲ့တာနဲ့ ကျွန်တော်လည်း password ပေးချင်ပေမယ့် ကိုယ်ဖုန်းမဟုတ်တာရော ဖုန်းပိုင်ရှင်ကလည်း နိုင်ငံခြားရောက်နေတာ ဖြစ်တဲ့အတွက် မေးပေးလို့ မရတော့တာ ဖြစ်လို့ " ညီမရေ အဲ့ဖုန်းကတော့ ကျွန်တော် ပျောက်တာ ၃ နှစ်ရှိသွားပြီ။ ပြန်လည်း မလိ

ကျွန်တော်နှင့် သီချင်းများ

Side effects ပြီးတော့ နောက်ထပ် နားထောင်မိတာက sunrise 18 ရဲ့ ရန်ကုန် အယ်လ်ဘမ်။  သူတို့ရဲ့ Indie rock သီချင်းကို နားထောင်မိတော့ အယ်လ်ဖြူရဲ့ သီချင်းဆိုင် ကို ဘာမှ မဆိုင်ပဲ သတိရသွားတယ်။ "ဆံပင်ကို အရှည်ထားပြီး ဆိုရတဲ့ သီချင်းတွေ ဟောဒီမှာ" ဆိုတဲ့ စာသားလိုပဲ မြို့လယ်ခေါင်က ဘားတခုမှာ ဘီယာလေး သောက်ရင်း လိုက်ကရင်း နားထောင်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေး ဝင်မိတယ်။ ကိုယ့် မင်္ဂလာဆောင်ကျရင် ဒီအခွေထဲကသီချင်းတွေ ကိုယ်တိုင်ဆိုရင် ကောင်းမလားတောင် တွေးမိအောင်ကို အချစ်သီချင်းတွေက ကောင်းလွန်းတယ်။ Tempo ခပ်သွက်သွက်နဲ့ အချစ်သီချင်းလေးတွေက နားထောင်နေကျ ပုံစံထဲက ကွဲထွက်ပြီး ဂစ်တာသံ ခပ်မြူးမြူးလေးနဲ့ ထပြီး ကချင်လောက်အောင်ကို ချက်ချင်းဆွဲဆောင်နိုင်တယ်။  Side effects က နိုင်ငံခြားက စတူဒီယိုမှာ သွင်းတော့ ဒီအခွေကျတော့ အသံပိုင်း ဆိုင်ရာမှာ နည်းနည်း အားမရချင်ဘူး။ Side effects လောက် ကွာလတီရရင် ကောင်းမှာပဲ ဆိုပြီး မချင့်မရဲဖြစ်သံားတယ်။

အဝါရောင်လိပ်ပြာ မှတ်စု

သီချင်းတွေ နားထောင်မိတိုင်း ကဗျာတွေ ဖတ်မိတိုင်း ကိုယ်နဲ့အကြိုက်ချင်းတူတဲ့ မင်းကို သတိရတယ်။  ကိုယ်လည်း လေးဖြူ ကို ကြိုက်တာပဲ။ ဒါပေမယ့် မင်းနဲ့တွေ့မှ ကိုယ်နားမထောင်ဖူးသေးတဲ့ လေးဖြူသီချင်းတွေ ရှိတယ် ဆိုတာ ကိုယ်သိသွားတယ်။  မင်း ကျောင်းတက်တုန်းက ရေးခဲ့တဲ့ ကဗျာ‌တွေကို ဖတ်လိုက်ရတော့ တကယ် မလေးစားပဲ မနေနိုင်ဘူး။ တကယ် ပြောတာ။ အခု ကိုယ် စာရေးနေတယ် ဆိုပေမယ့် မင်းရေးတဲ့ စာတွေရဲ့ ခြေဖျား ကို မမှီဘူး ဆိုတာ ကိုယ် ဝန်ခံရဲတယ်။ မင်းက ကိုယ့်ထက် စာဖတ်ပိုများတယ်။ ပိုပြီးလည်း စာဖတ်အားကောင်းတယ်။ ကိုယ် အသက် ၂၄ လောက်ကစပြီး စာဖတ် နည်းသွားတယ်။ စာအုပ်တွေ ဘာ အသစ်ထွက်မှန်းတောင် မသိတော့ဘူး။ စာအုပ်နဲ့ အဆက်အသွယ် ပြတ်သွားတယ် ဆိုပါတော့။ အဲ့တော့ စာဖတ်နည်းတော့ စာရေးတာလည်း အကုန်တလွဲတွေ ဖြစ်ကုန်တာပေါ့။ ကိုယ် စာရေးတယ် ဆိုတာကလည်း မင်းအကြောင်းတွေးမိတိုင်း စိတ်ထဲမှာ ရေးရင်းနဲ့ ညရောက်တော့ ဒီထဲ ချရေးဖြစ်သွားတာ။  မင်းကို စတွေ့တုန်းက ကိုယ့်ရဲ့ တခြား version တခုကို တွေ့လိုက်ရသလိုပဲ။ ကိုယ်ငယ်ငယ်က ဖြစ်ချင်ခဲ့ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်ကို မင်းက လုပ်နေတာကိုး။ ကိုယ်တကယ် လေးစား အားကျခဲ့တယ်။ ( နောက် မှ သိတာက မင်း အဲ့ဒီအလုပ်မှာ မပျော်ဘူးဆိုတာပဲ