Skip to main content

ကျွန်တော်နှင့် သီချင်းများ

Side effects ပြီးတော့ နောက်ထပ် နားထောင်မိတာက sunrise 18 ရဲ့ ရန်ကုန် အယ်လ်ဘမ်။ 
သူတို့ရဲ့ Indie rock သီချင်းကို နားထောင်မိတော့ အယ်လ်ဖြူရဲ့ သီချင်းဆိုင် ကို ဘာမှ မဆိုင်ပဲ သတိရသွားတယ်။ "ဆံပင်ကို အရှည်ထားပြီး ဆိုရတဲ့ သီချင်းတွေ ဟောဒီမှာ" ဆိုတဲ့ စာသားလိုပဲ မြို့လယ်ခေါင်က ဘားတခုမှာ ဘီယာလေး သောက်ရင်း လိုက်ကရင်း နားထောင်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေး ဝင်မိတယ်။ ကိုယ့် မင်္ဂလာဆောင်ကျရင် ဒီအခွေထဲကသီချင်းတွေ ကိုယ်တိုင်ဆိုရင် ကောင်းမလားတောင် တွေးမိအောင်ကို အချစ်သီချင်းတွေက ကောင်းလွန်းတယ်။ Tempo ခပ်သွက်သွက်နဲ့ အချစ်သီချင်းလေးတွေက နားထောင်နေကျ ပုံစံထဲက ကွဲထွက်ပြီး ဂစ်တာသံ ခပ်မြူးမြူးလေးနဲ့ ထပြီး ကချင်လောက်အောင်ကို ချက်ချင်းဆွဲဆောင်နိုင်တယ်။ 

Side effects က နိုင်ငံခြားက စတူဒီယိုမှာ သွင်းတော့ ဒီအခွေကျတော့ အသံပိုင်း ဆိုင်ရာမှာ နည်းနည်း အားမရချင်ဘူး။ Side effects လောက် ကွာလတီရရင် ကောင်းမှာပဲ ဆိုပြီး မချင့်မရဲဖြစ်သံားတယ်။

Comments

Popular posts from this blog

အင်းဝသို့

မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက်  ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို  ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။

Slipknot ရဲ့ Snuff

မနေ့က ဘော်ဒါတစ်ယောက်နဲ့ သီချင်းတွေအကြောင်းပြောနေရင်း snuff  အကြောင်း ရောက်သွားတယ်။ ဘယ်သီချင်းကိုမှ ကျွန်တော် အဲ့လောက် တန်းတန်းစွဲစွဲ မကြိုက်မိဘူး။  Snuff မှာအဆိုတော် Corey Taylor ရဲ့ အသံနဲ့ Music Video က အဓိက ကျနေတယ်။ တစ်ချို့ သီချင်းစာသားတွေကို ဆိုလိုက်တဲ့အချိန်မှာ Corey ရဲ့ နာနာကျည်းကျည်း အသံကို ခံစားမိတယ်။ MV မှာလည်း သူ ဝုန်းဒိုင်းကျဲအောင် သရုပ်ဆောင်တာကို Acting လို့ကို မမြင်နိူင်ပဲ တကယ် ကိုယ်လည်း သူ့အတိုင်းပဲ အဲ့လိုလုပ်မိမှာပဲ ဆိုပြီး တွေးနေမိသေးတယ်။ သီချင်းတစ်ပုဒ်ကို ဘာလို့ကြိုက်လဲ လို့ ကျွန်တော့်ကိုလာမေးရင် အဲ့ဒီသီချင်းနဲ့ ကျွန်တော့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ်။ Snuff သီချင်းက Slipknot အတွက် သီချင်းရေးလေ့မရှိတဲ့ Corey ကိုယ်တိုင် သူ့ ခံစားချက်တွေ ကို ရေးထားတဲ့ သီချင်း ဖြစ်ပြီး သီချင်းကို အကြမ်းသွင်းပြီး Joey ( Drummer ) က Corey ကို ပြတဲ့အခါ Corey မျက်ရည်ပါ ကျခဲ့ပါတယ် လို့ Joey က ပြောခဲ့ပါသေးတယ်။

ဖုန်းဆိုင်က ပုံပြင်များ

ကိုယ့်လူတွေကို ဖုန်းဆိုင်မှာ တစ်ရက်လောက် နေစေချင်တယ်။ ဖုန်းဆိုင်မှာ ဆားဗစ်လုပ်ရတာ တရက်ပြီး တရက် ပြဿနာ တစ်ခုပြီး တစ်ခု မရိုးရဘူး။ တရက်တုန်းကပေါ့။ ကောင်လေးတစ်ယောက် ဖုန်းလာပြင်တယ်။ သူ့ဖုန်းက bill တွေ စားနေလို့တဲ့။ Bill ထည့်လိုက်တာနဲ့ ကုန်ရောတဲ့။ အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ဟုတ်နေတယ်။ ဘယ်လိုဟုတ်တာလဲဆိုတော့ ဖုန်းမှာ virus ဝင်နေတာပေါ့။ Virus app က အင်တာနက်တွေ auto ဖွင့်ပစ် download တွေ သူ့ဟာသူဆွဲ ကြော်ငြာတွေ လျှောက်ပြနဲ့ ဆိုတော့ bill ထည့်လိုက်တာနဲ့ကုန်တော့တာပေါ့။ ကိုယ်ကလည်း ပါးစပ်က အကျင့်ပါပြီးတော့ "ညီလေး ဘယ်လိုကနေစဖြစ်တာတုန်း" လို့ မေးလိုက်တော့ "မသိဘူး၊ မနေ့က မြေကြီးပေါ် ပြုတ်ကျပြီး အဲ့လိုဖြစ်သွားတာပဲ" တဲ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်။ " ဟာ သေချာပြီ ညီလေး၊ အဲ့ဒါ မြေဖုတ်ဘီလူးကိုင်တာ" လို့။ မြန်မာပြည်ကလူတွေက ဖုန်းသာကိုင်နေကြတာ ဖုန်းနဲ့ပတ်သက်တဲ့ knowledge ကြ တအားနည်းကြတာ။ တရက်ပေါ့။ အန်တီကြီး တစ်ယောက်ရောက်လာတယ်။ သူ့ဖုန်းက High end ဖုန်းဗျ။ Samsung S8 လားမသိဘူး။ သူ့ဖုန်းလေးနေလို့တဲ့။ ဘာမှလည်း လုပ်မရလို့ပါတဲ့။ အဲ့ဒါ ဖုန်း