Skip to main content

Posts

Showing posts from February, 2019

ပုဂံ အကြောင်း ထွေရာလေးပါး

ပုဂံကို ခဏတိုင်းသွားပြီး ဓါတ်ပုံတွေရိုက်တယ်။ လျှောက်သွားတယ်။ အဲ့ဒီမှာ ဘာတွေ့ရလဲဆိုတော့ ပုဂံကို လာလည်တဲ့ မြန်မာလူမျိုးတွေ (တချို့) ပုဂံလာရကျိုး မနပ်သလိုပဲ။ တခါလာလည်း စွယ်တော်လေးဆူနဲ့ တခြား နာမည်ကြီး ဘုရားတွေပဲ ဘုရားရှိခိုးပြီးပြန်သွားကြတယ်။ သူတို့တော့ဘယ်လိုနေမယ်မသိဘူး။ ကိုယ်တော့ လာရကျိုးမနပ်ဘူးလို့ သူတို့အစား နှမျောမိတယ်။ တကယ်ဆို ပုဂံမှာ ကြည့်စရာတွေ အပြည့်ပါဗျာ ။ ကြည့်ရတာ မြန်မာတွေက ပုဂံကို ဘုရားရှိခိုးဖို့ပဲလာပြီး နိူင်ငံခြားသားတွေက ရှေးဟောင်းအမွေအနှစ်တွေကို ကြည့်ဖို့လာတာပဲ ဖြစ်ရမယ်။ ပုဂံမှာ နှစ်ပေါင်းထောင်ချီပြီး တည်မြဲနေတဲ့ ဗိသုကာလက်ရာတွေ ရှေးဟောင်း အနုပညာလက်ရာတွေ မှ အများကြီးပါ။ ကျွန်တော်ဆို ပုဂံသွားခါနီးတိုင်း  ပုဂံနဲ့ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ တခါတုန်းကဆို ဆရာ ပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်ဖတ်ပြီး ပုဂံရောက်သွားတာ စာအုပ်ထဲက ဘုရားတွေကို လိုက်ရှာ ပြီး ရောက်အောင်သွားတော့တာပဲ။ ပုဂံဘုရားတွေမှာ ဘီလူးပန်းဆွဲတွေ တွေ့မိတာနဲ့ ရှာဖတ်မိတဲ့စာလေး တွေ့လို့ ပြန်မျှဝေလိုက်တာပါ။ ဘီလူးပန်းဆွဲ (သို့) ဘီလူးပန်းကိုက် ဗုဒ္ဓ နဲ့ဆိုင်တဲ့သာသနိကအဆောက်ဦးတွေမှာ ဟိန္ဒူ နဲ့ဆိုင်တဲ့ အနုပညာ

Fujiflim နဲ့ ကျွန်တော်

ကိုဝေ တစ်ယောက် ကင်မရာ စပြီး ရိုက်တတ်တဲ့ အချိန်မှာ ကိုဝေရဲ့ သူငယ်ချင်း ကိုဗလ တစ်ယောက်လည်း ကင်မရာရောဂါဝင်ပြီး Fujiflim XT-20 လေး ဝယ်လာပါတယ်။ အဲ့တော့ ကိုဝေလည်း သူ့ဆီက ဖူဂျီလေး ငှားပြီး ဓါတ်ဖမ်း ရင်း ဒီစာတွေကို ရေးမိတာပါ။ ပထမဆုံး ကြိုက်မိတာက retro ဖြစ်နေတဲ့ camera design ပါ။ အန်းတိတ် ဖြစ်နေတဲ့ဖလင်ကင်မရာတွေ ရဲ့ ဒီဇိုင်းအတိုင်း လုပ်ထားလို့ကင်မရာလေးလွယ်ထားရရင်ကိုပဲ  လှပါတယ်။ အဲ့ဒါကြောင့် မိန်းကလေးတွေ က Fuji ပဲ ဝယ်ကိုင်ကြတာထင်တယ်။ ကင်မရာကို စ သုံးတော့ တိုင်ပါတ်ပါတယ်။ ခလုပ်အနေအထားတွေက Canon, Nikon နဲ့ မတူပါဘူး။ အဲ့ဒါနဲ့ Manual စာအုပ်တောင်းဖတ်ပြီးတော့ မှ ရိုက်လို့ ရသွားပါတယ်။ Aperture က Lens မှာ Ring နဲ့ adjust လုပ်ရတာပါ။ အစကတော့ ကျင့်သား မရသေး လို့ တိုင်ပါတ်ပေမယ့် နောက်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။ Mirrorless ဆိုတော့ View Finder က EVF( Electronic View Finder) ပါပါတယ်။ EVF ဆိုတာက ပုံမှန် ကင်မရာတွေမှာလို ချောင်းကြည့်ပေါက်မှာ မှန် မဟုတ်ပဲ LED screen သေးသေးလေး တပ်ပေးထားတာပါ။ ကျွန်တော်ကတော့ ကင်မရာ စကိုင်ကတည်းက mirrorless နဲ့ စရိုက်လို့လားမသိ။ Mirrorless ရဲ့ viewfinder ကို သဘောကျပါတယ်။ ကိုယ

2019 အစ

2019 အစမှာ ရန်ကုန်ပြန်ရောက်တယ်။ ရောက်တာနဲ့ ရုံးကိစ္စတွေ လုပ် ပြီးတာနဲ့ နယ်က အိမ်လေးကို တန်းပြန်။အိမ်မှာ ၄ ရက်လောက်နေပြီး ပုဂံ ကိုသွားလည်။ ပုဂံမှာ ၃ ရက်နေပြီး အိမ်ကိုပြန်။ အိမ်မှာ ၄ ရက် နေပြီး ရန်ကုန်ကို ပြန်လာ။ ရန်ကုန်မှာ ၂ ရက်ပဲနေပြီး မန္တလေးကို ပြန်သွား။ မန္တလေးမှာ ၄ ရက်နေပြီး ရန်ကုန် ကို ပြန်လည်းရောက်ရော လူလည်း ဘုန်းဘုန်းကျ တော့တာပဲ။ ဒီတခေါက် ပုဂံ မှာ လျှောက်လည်ရတာ မပျော်သလိုပဲ။ အရင်လို မနက် sun rise ကို ဘုရားတွေပေါ် တက်ကြည့်ခွင့် မပေးတော့ဘူးလေ ။ အကုန် ပိတ်ပစ်လိုက်ပြီ။ တချို့ ဘုရား အသေးလေးတွေပေါ်တော့ တက်ကြည့်နေကြတာပါပဲ။ Tour Guide တွေလည်း ညည်းကြတယ်။ သူတို့ညည်းမယ်ဆိုလည်း ညည်းလောက်တယ်။January ဖြစ်တာတောင် အရင်လောက် နိူင်ငံခြားသားဧည့်သည်တွေ မတွေ့ရဘူးလေ။ ဘုရားတွေပေါ် တက်လို့မရတော့ ဘယ်ကနေ sun rise ကို ဓါတ်ပုံရိုက်ရမှန်းမသိ ဖြစ်နေတာနဲ့ တမနက်လုံး နေရာလိုက်ရှာတာနဲ့ နေသာ ထွက် သွားတယ် ဘယ်ကနေ ရိုက်ရမှန်း မသိလိုက်ဘူး။ နေထွက်ပြီးတော့မှ ဓမ္မရံကြီးဆီရောက်ပြီးမှ ဝရုန်းသုံးကား ဓါတ်ပုံ တစ်ပုံ ရိုက်ဖြစ်သွားတယ်။ ညနေကျတော့ ဗူးဘုရား မှာ drone နဲ့ ရိုက်မယ်ဆိုပြီးထွက်လာ၊ ဘုရားရောက်တော့ အမှန်အကန် ဓါတ်ပု

Slipknot ရဲ့ Snuff

မနေ့က ဘော်ဒါတစ်ယောက်နဲ့ သီချင်းတွေအကြောင်းပြောနေရင်း snuff  အကြောင်း ရောက်သွားတယ်။ ဘယ်သီချင်းကိုမှ ကျွန်တော် အဲ့လောက် တန်းတန်းစွဲစွဲ မကြိုက်မိဘူး။  Snuff မှာအဆိုတော် Corey Taylor ရဲ့ အသံနဲ့ Music Video က အဓိက ကျနေတယ်။ တစ်ချို့ သီချင်းစာသားတွေကို ဆိုလိုက်တဲ့အချိန်မှာ Corey ရဲ့ နာနာကျည်းကျည်း အသံကို ခံစားမိတယ်။ MV မှာလည်း သူ ဝုန်းဒိုင်းကျဲအောင် သရုပ်ဆောင်တာကို Acting လို့ကို မမြင်နိူင်ပဲ တကယ် ကိုယ်လည်း သူ့အတိုင်းပဲ အဲ့လိုလုပ်မိမှာပဲ ဆိုပြီး တွေးနေမိသေးတယ်။ သီချင်းတစ်ပုဒ်ကို ဘာလို့ကြိုက်လဲ လို့ ကျွန်တော့်ကိုလာမေးရင် အဲ့ဒီသီချင်းနဲ့ ကျွန်တော့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ်။ Snuff သီချင်းက Slipknot အတွက် သီချင်းရေးလေ့မရှိတဲ့ Corey ကိုယ်တိုင် သူ့ ခံစားချက်တွေ ကို ရေးထားတဲ့ သီချင်း ဖြစ်ပြီး သီချင်းကို အကြမ်းသွင်းပြီး Joey ( Drummer ) က Corey ကို ပြတဲ့အခါ Corey မျက်ရည်ပါ ကျခဲ့ပါတယ် လို့ Joey က ပြောခဲ့ပါသေးတယ်။

အိမ်ပြန်ချိန်

ကျွန်တော်တို့ အိမ်နဲ့ ဘယ်လောက်အဝေး ရောက်ရောက် တစ်နေ့နေ့ မှာတော့ အိမ်ပြန် ကြရတဲ့ အချိန်ရှိလာမှာပါ။ ဘယ်လောက်ပဲ အိမ်ကို မလွမ်းဘူး ပြောနေပေမယ့် မသိစိတ်ကတော့ အိမ်ကို အကြောင်းတစ်ခုခုပြပြီး လွမ်းနေမှာပါ။ အိမ်ကိုလွမ်းတဲ့ ခံစားချက်က အိမ်နဲ့အကြာကြီးခွဲနေ မှ သိလာပါလိမ့်မယ်။