နိူင် ငံတကာမှာ red light district ( red district လို့လည်း ခေါ်ကြသေးတယ်) ဆိုတာ ရှိပါတယ်။တစ်လမ်းလုံး တစ်ရပ်ကွက်လုံး မီးအနီရောင်တွေနဲ့ လင်းနေတဲ့ နေရာပေါ့။ အဲ့ဒါက ဘယ်လိုနေရာလည်းဆိုတော့ prostitution တွေ ဇိမ်မယ်တွေနဲ့ အဖော်အချွတ် ကလပ်တွေ ရှိတဲ့ နေရာပေါ့။ ပါးစပ်ပုံပြင်တွေအရတော့ ဟိုးတုန်းက မီးရထား ဝန်ထမ်းတွေက ဇိမ်မယ်တွေရဲ့ အိမ် ကို သွားကြတဲ့အခါ မီးပုံး အနီလေးတွေ ယူသွားပြီး အိမ်ရှေ့မှာ ချိတ်ကြပါသတဲ့။ အရေးအကြောင်းဆို သူတို့ကို အလုပ်သမားတွေက ရှာရလွယ်အောင်လို့ပါတဲ့။
နယ်သာလန်နဲ့ ဂျာမဏီ လို နိူင်ငံတွေမှာတော့ မှာတော့ တရားဝင်ကို နယ်မြေသက်မှတ်ပေးထားပါတယ်။တစ်ချို့နိူင်ငံတွေမှာတော့ တရားဝင် မဟုတ်ပါဘူး။
Hague မှာဆိုရင်တော့ Red district မှာ CCTV တွေ အပြည့်တပ်ထားပါတယ်တဲ့။
စင်ကာပူ မှာဆို Geylang နဲ့ Orchard Road ဆို နာမည်ကြီးပဲ။ ဟိဟိ။ ကြုံရင် သွားကြပါကုန် :P
Japan မှာဆိုလည်း Soapland တွေက နာမည်ကြီးပဲ။ ဟိဟိ
ဘာမှမဟုတ်ဘူး
ခုလေးတင် ရုပ်ရှင်ရုံရှေ့က လမ်းလျှောက်ပြန်လာရင်း ဒီပုံကြီးတွေ့လို့ တော်ကီပွားမိတာ။ အေးလေ။ သူ့ပုံကြီးကလည်း အနုပညာမြောက်တယ်နော် :P
မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက် ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။
Comments
Post a Comment