၂၀၁၇ မှာ VR တွေ ခေတ်စားလာပါတယ်။ အဲ့တော့ ကျွန်ေတာ်လည်း VR ရောဂါ ဝင်တာပေါ့ :D ကျွန်တော် ရဲ့ဘလောဂ်မှာ 360° ပုံတွေကိုတွေ့ရပါလိမ့်မယ်။ ဒီပုံတွေကို 360° camera နဲ့ ရိုက်ရတာပါ။ ကျွန်တော် ခရီးထွက်တိုင်း ကျွန်ေတာ်မြင်သလို တခြားသူတွေကိုလည်း အဲ့ဒီပတ်ဝန်းကျင် ဒေသက အလှအပတွေကို ခံစားမိစေချင်တဲ့စိတ်လေး နဲ့ 360° ပုံတွေရိုက်လို့ရတဲ့ LG camera လေးကို ဝယ်ခဲ့မိတာပါ။ ကျွန်တော်ဝယ်တုန်းက 200$ ပေးရပါတယ်။ အဲ့တုန်းက အဲ့ဈေးနဲ့ အဲ့ကင်မရာက ဈေးအချိုဆုံးပါ။ အခု Xiaomi ကထုတ်တဲ့ 360° camera ကပိုပြီး quality ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် မဝယ်နိူင်တော့ပါဘူး :D ဒီ ကင်မရာလေးက Google Street View က အသိအမှတ်ပြုတဲ့ 360° camera တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီ ကင်မရာလေး နဲ့ ကျွန်တော် Google Trusted Photographer badge လည်းရခဲ့ပါပြီ။ LG 360 camera ကို Android နဲ့ရော iPhone တွေနဲ့ရော သူ့ရဲ့ App ကို အသုံးပြုပြီး ချိတ်ဆက် အသုံးပြုလို့ရပါတယ်။ Video ရိုက်တဲ့အခါမှာလည်း 5.1 စနစ်နဲ့ အသံဖမ်းလို့ရပါတယ်။( တစ်ချို့ဆို အသံဖမ်းဖို့ သီးသန့်သုံးသတဲ့)။ 1200mAh battery ဖြစ်လို့ battery ကတော့ အားသိပ်မခံဘူးလို့ပြောလို့ရပါတယ်။( ဖုန်းနဲ့ ချိတ်မထားပဲ ဒီအတိုင်း ရိုက်ရင်တော့ အားတော်တော်ခံပါတယ်)။ Camera mode မှာ auto ရော manual ရော ရိုက်လို့ရပါတယ်။ အလင်းရောင် လုံလုံလောက်လောက်ရတဲ့ နေရာတွေမှာဆိုရင် auto နဲ့ ရိုက်လို့ အဆင်ပြေပါတယ်။ အလင်းရောင် နည်းတဲ့နေရာမှာ auto နဲ့ ရိုက်ရင် noise တွေ ထလာပါတယ်။ ကျွန်တော်ကတော့ အလင်းရောင် နည်းတဲ့နေရာတွေမှာ manual mode နဲ့ ISO လျှော့ပြီး Tripod ပေါ် တင်ရိုက်ပါတယ် ။ ရှေ့ဆက်ပြီး VR တွေ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ မျော်လင့် မိပါတယ်။
မန္တလေးကိုရောက်တော့ အင်းဝ ကို တစ်ခါမှမရောက်ဖူးတာနဲ့ဒီတခါ သွားချင်စိတ်လေး ပေါ်လာတာနဲ့ သူငယ်ချင်း ဖိုးကောင်း ကိုခေါ်ပြီး ၂ ယောက်သား အင်းဝဘက်ကို ဆိုင်ကယ်နဲ့ ဒိုးကြတာပေါ့။ အင်းဝ ဟာ တကယ်တော့ ပုဂံ အသေးစားလေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပုဂံလောက်တော့ မခမ်းနားဘူးပေါ့။ မြို့ရိုးနဲ့ ကျုံးတွေ့လို့ အထဲဝင်ကြည့်တော့ငှက်ပျောခြံကြီးဖြစ်နေတယ်။ အထဲမှာဘာမှမရှိဘူး။ လည်စရာပတ်စရာ နည်းတယ်။ ဟိုတစ်ကွက် ဒီတကွက် ဘုရားပျက်တွေတော့ ရှိတာပေါ့။ မယ်နု အုတ်ကျောင်း ကတော့ တော်တော်အချိန်ပေးပြီး ကြည့်မှရမယ်။အင်းဝကိုသဘောကျတာတစ်ခုက ဘုရားတွေမရှိတော့ ဘုရားရှိခိုးစရာမလိုပဲ ရှေးဟောင်း ကို အချိန်ပေးပြီး ခံစားလို့ရတာပဲ။ အင်းဝခံတပ် ကိုရောက်တော့ နေ့လည်ဖြစ်နေတာနဲ့ ခံတပ်ဘေးကထမင်းဆိုင်လေးမှာ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း ထမင်းနဲ့အသုတ်စား ရတာလည်း အရသာတစ်မျိုး။ဒါနဲ့ပဲရောက်တုန်းလေး 360° ပုံလေး ရိုက်မိတာပေါ့။ ကံကောင်းတာက အဲ့နေ့က တိမ်တွေတကယ်လှတယ်ဗျာ။
Comments
Post a Comment